About Us

မှန်ချို ကုမ္ပဏီ လီမိတက် ၏ နောက်ခံ အကြောင်းအရာ

မှန်ချို ကုမ္ပဏီ လီမိတက် သည် ဝန်ထမ်းပေါင်း ၁၂၀ ကျော် ဖြင့် ဆေး၀ါးထုတ်ကုန် ၅၄ မျိုးအား ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ဆေး၀ါးထုတ်ကုန်များ၏ အရည်အသွေးကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်မှုအပတ်စဉ်တိုင်းတွင် စစ်ဆေးလျက်ရှိပါသည်။ ဆေး၀ါးထုတ်ကုန်များအား မြန်မာပြည် အတွင်းရှိ မြို့နယ်ပေါင်း ၉၅ မြို့နယ်တွင် အရောင်းကိုယ်စားလှယ်ကြီး ၃၃၇ ဦးဖြင့် မြန်မာနိုင်ငံ ဒေသ အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး အဓိက အားဖြင့် မြန်မာလူမျိူးများ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်ပါသည်။ ဆေးဝါးထုတ်လုပ်ရာတွင် မြန်မာနိုင်ငံမှ ပရဆေးပင် ကုန်ကြမ်းများ အား အဓိကအသုံးပြုပြီး အချို့ကုန်ကြမ်းများ အား တရုတ် နှင့် အိန္ဒိယ နိုင်ငံများမှ ဝယ်ယူ အသုံးပြုလျက်ရှိပါသည်။

hmancho-logo 2
Our Services

We are Providing Facilities & Services to People across the Lifespan

Factory

မှန်ချို ကုမ္ပဏီလီမိတက်သည် ထုတ်ကုန်များ၏ အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်မှု ကို ကတိကဝတ်ပြုထားသည့် အတိုင်း အစဉ် တစိုက် ထိန်းသိမ်းခဲ့ပြီး သုံးစွဲသူများ၏ စိတ်ကျေနပ်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Laboratory

မှန်ချိုဆေးဝါးများအား WHO၏ Guidelines များအတိုင်း ကုန်ကြမ်းအဆင့်၊ ကုန်ချောအဆင့်နှင့် ထုတ်လုပ်နေစဉ်အဆင့်များမှာ ဆေးဝါးဆိုင်ရာအရည်အသွေးများ (Pharmaceutical quality), ရူပ-ဓာတုအရည်အသွေးများ (Physicochemical quality) ကိုသိပ္ပံ နည်းကျ တိုင်းတာလျက်ရှိပါတယ်။ ကုန်ကြမ်း ကုန်ချောပစ္စည်းများကို “စံ”သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ၊မရှိကို ဆေးဝါးထုတ်လုပ်တဲ့ အပတ်စဉ်(Batch)တိုင်းမှာ စစ်ဆေးရပါတယ်။ မှန်ချိုစက်ရုံရှိ ဓါတ်ခွဲခန်းတွင် အောက်ပါ စက်ကိရိယာများကို အသုံးပြု၍ ဆေးဝါးများ၏ အရည်အသွေးကို စစ်ဆေးပါသည်။

Clinic

မှန်ချိုတိုင်းရင်းဆေးခန်းတွင် လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ မြစ်ပွားနာ၊ အဖုအကျိတ်နှင့် အနာပေါက်ရောဂါ အမျိုးမျိုးကို ကုသပေးနေပါသည်။ ၊

လိပ်စာ။ ။ 261 Shwe Bon Thar Street, Pabedan Township, Yangon, Myanmar

အချိန်။ ။ 8am to 4pm

ဖုန်း။ ။ +96 (1) 384651

Online store

https://emartmmp.gov.mm/shop/hman-cho

hmancho-logo 2

Our Products

Previous
Next
Our Products

Best Sellers

Previous
Next